စက်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာချိန်တွင် သုံးစွဲသူများအနေဖြင့် iPhone၊ Mac နှင့် အခြား Apple ထုတ်ကုန်များကို ပိုမိုသက်သာသော လစဉ်ကြေးဖြင့် သုံးစွဲနိုင်ရန် Apple က ငှားရမ်းခွင့်စနစ် (Rental Program) အသစ်တစ်ခုကို စတင်လိုက်သည်။ အဆိုပါ အစီအစဉ်ကို ငွေပေးချေမှု ပလက်ဖောင်း Klarna နှင့် ပူးပေါင်း၍ အမေရိကန်တွင် စတင်လိုက်ခြင်းဖြစ်ပြီး iPhone နှင့် Apple Watch များကို ၁၂ လ သို့မဟုတ် ၂၄ လ၊ Mac နှင့် iPad များကို ၂၄ လ သို့မဟုတ် ၃၆ လအထိ ငှားရမ်းနိုင်မည်ဖြစ်သည်။အစီအစဉ်တွင် iPhone 17 စီးရီး၊ iPhone Air၊ Apple Watch Ultra 3၊ MacBook Pro စသည့် နောက်ဆုံးပေါ် ထုတ်ကုန်များ ပါဝင်ပြီး၊ အသက်သာဆုံး iPhone ငှားရမ်းခမှာ တစ်လလျှင် ၁၇.၉၉ ဒေါ်လာမှ စတင်မည်ဖြစ်သည်။ 
Jul 29 • 2:00 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


