back

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ

Jul 29 • 1:59 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ စိန်ရတုခန်းမကို ၂၀၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရာ...

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ စိန်ရတုခန်းမကို ၂၀၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်အမီ ပြန်လည်မွမ်းမံရန် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ပြုပြင်မွမ်းမံမှုများ ပြီးစီးခဲ့သော်လည်း COVID-19 ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် အခမ်းအနားများ ကျင်းပခွင့် ပိတ်ထားခဲ့ရာမှ ၆ နှစ်ကျော်အကြာတွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

14