ထိုင်းနိုင်ငံ Chanthaburi ပြည်နယ်၊ Makham မြို့နယ်တွင် ဇူလိုင် ၂၈ ရက်ညက ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် လူနေအိမ်များနှင့် အပန်းဖြေစခန်း ၂ ခု ရေလွှမ်းမိုးခံခဲ့ရပြီး ဒေသခံ ၁၃ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ အပန်းဖြေစခန်းတစ်ခုတွင် ခရီးသွား ၄၈ ဦး ပိတ်မိနေခဲ့သော်လည်း ဘေးကင်းသေးသည်ဟုဆိုကာ အဆောက်အအုံ ဒုတိယထပ်၌ပင် ဆက်လက်နေထိုင်ခဲ့ကြသည်။ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် မိုးလေဝသ အားပျော့သွား၍ ရေပြန်ကျသွားခဲ့သော်လည်း တောင်ကျရေအန္တရာယ်ကြောင့် တာဝန်ရှိသူများက ဆက်လက်စောင့်ကြည့်လျက်ရှိသည်။ ထို့အပြင် ထိုင်းမိုးလေဝသဌာနကလည်း ဇူလိုင် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် နိုင်ငံတစ်ဝန်း မိုးကြီးနိုင်သဖြင့် မြေနိမ့်ပိုင်းနေထိုင်သူများနှင့် လှေငယ်များ သတိပြုကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ Chanthaburi ၌ ရုတ်တရက် ရေကြီးမှုဖြစ်ပွားပြီး အပန်းဖြေစခန်းတစ်ခုတွင် ခရီးသွား ၄၈ ဦး ပိတ်မိ
Jul 29 • 1:52 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


