ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကမ္ဘာ့ဖလား အပါအဝင် ၎င်းတို့ကျင်းပသည့် ပြိုင်ပွဲများ၏ ရှယ်ယာအချို့ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများထံ ပေါင် ၁၅ ဘီလီယံဝန်းကျင် ရောင်းချရန် စီစဉ်နေသည့် သတင်းများထွက်ပေါ်လာပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က အပြင်းအထန် ကန့်ကွက်လိုက်သည်။ FIFA ဘက်က ဘောလုံးဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ရှယ်ယာ အနည်းငယ်သာ ရောင်းထုတ်မည်ဟု ဖြေရှင်းထားသော်လည်း UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က ဘောလုံး၏ အနှစ်သာရကို အရောင်းအဝယ် မလုပ်သင့်ကြောင်း ပြစ်တင်ခဲ့သည်။ ထို့ပြင် FIFA က အဆိုပါ အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်ပါက ကမ္ဘာ့ဖလားအပါအဝင် FIFA ပြိုင်ပွဲများကို သပိတ်မှောက်ကာ ပါဝင်ကစားမည် မဟုတ်ကြောင်း UEFA က အရေးပေါ် အစည်းအဝေးခေါ်ယူ၍ ဆုံးဖြတ်သွားရန် စီစဉ်နေကြောင်း သိရသည်။
ဖီဖာက ရှယ်ယာများ ရောင်းချရန် စီစဉ်နေမှုအပေါ် ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်မည်ဟု UEFA ခြိမ်းခြောက်
Jul 29 • 1:51 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 10 | 0 | 0 | 0 |


