back

အခွန်စည်းကြပ်မည်ဆိုသည့် သတင်းကြောင့် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အေးစက်စပြုလာ

Jul 29 • 1:49 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အခွန်စည်းကြပ်မည်ဆိုသည့် သတင်းကြောင့် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အေးစက်စပြုလာ

မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့သည့် အိမ်ခြံမြေဈေးကွက်သည် လက်ရှိတွင် အရောင်းအဝယ် စတင်အေးစက်လာပြီး ဈေးနှုန်းများ တန့်သွားခဲ့ကြောင်း သိရသည်။ ရန်ကုန်...

မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့သည့် အိမ်ခြံမြေဈေးကွက်သည် လက်ရှိတွင် အရောင်းအဝယ် စတင်အေးစက်လာပြီး ဈေးနှုန်းများ တန့်သွားခဲ့ကြောင်း သိရသည်။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီးနှင့် ပြင်ဦးလွင် စသည့် မြို့အတော်များများတွင် အိမ်ခြံမြေအပေါ် အခွန်စည်းကြပ်မည်ဆိုသည့် သတင်းနှင့် စိုးရိမ်မှုများကြောင့် ဝယ်လိုသူထက် ရောင်းလိုသူ ပိုမိုများပြားလာသည်။ လက်ရှိ ဈေးကွက်အတွင်း ဈေးနှုန်းများသည် ၂၀၂၁ ခုနှစ် မတိုင်မီထက် ၃ ဆမှ ၄ ဆကျော်အထိ အလွန်အကျွံ မြင့်တက်နေသော်လည်း နေရာကောင်း အနည်းငယ်မှလွဲ၍ လက်တွေ့ အရောင်းအဝယ် အနည်းငယ်သာ ဖြစ်ထွန်းတော့ကြောင်း ဈေးကွက်လေ့လာသူများနှင့် အကျိုးဆောင်များ၏ သုံးသပ်ချက်အရ သိရသည်။

news-view-count-icon

25