အရှေ့တောင်အာရှရှိ အွန်လိုင်းကျားဖြန့်လုပ်ငန်းများသည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှတစ်ဆင့် အနောက်နိုင်ငံများအထိ လိမ်လည်နိုင်ရန် အင်္ဂလိပ်စကားပြော ကျွမ်းကျင်သူများကို လစာကောင်းသည့် အလုပ်အကိုင် မက်လုံးများဖြင့် ပစ်မှတ်ထား လိမ်လည်ခေါ်ယူနေကြောင်း နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အဖွဲ့အစည်း (IOM) က သတိပေးထုတ်ပြန်ခဲ့သည်။ လူမှောင်ခိုကူးခံရသူများသည် လှောင်ပိတ်ခံရခြင်း၊ စာရွက်စာတမ်းများ သိမ်းဆည်းခံရခြင်းနှင့် နှိပ်စက်ခံရခြင်းတို့ဖြင့် လိမ်လည်မှုများပြုလုပ်ရန် အဓမ္မ ခိုင်းစေခံနေရသည်။ ၂၀၂၂ မှ ၂၀၂၅ ခုနှစ်အတွင်း IOM အနေဖြင့် နိုင်ငံပေါင်း ၄၀ နီးပါးမှ လူမှောင်ခိုကူးခံရသူ ၃,၅၀၀ ကို ကယ်တင်ပေးနိုင်ခဲ့ပြီး အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အီသီယိုးပီးယား၊ ကင်ညာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ အများဆုံး ပါဝင်ကြောင်း သိရသည်။
အာရှပြင်ပနိုင်ငံများကို အဓိက လိမ်လည်နိုင်ရေး အင်္ဂလိပ်စကားပြောကောင်းသူများကို ကျားဖြန့်ကွန်ရက်က အများဆုံးလိမ်ခေါ်
Jul 29 • 1:44 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


