ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ဇူလိုင် ၂၉ ရက်က မိုးရွာသွန်းမှုကြောင့် နမ့်ခိုက်ချောင်းနှင့် နမ့်တိန်းဝမ့်ချောင်းတို့မှ တောင်ကျရေကျလာကာ မြို့ပေါ်ရှိ ချောင်းဘေးအနိမ့်ပိုင်း ရပ်ကွက် ၂ ခုတွင် ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ချောင်းနှစ်ခုသည် ဈေးနားရပ်ကွက်အနီးတွင် ဆုံတွေ့သဖြင့် မိုးရွာပါက အနိမ့်ပိုင်းများသို့ ရေဝင်ရောက်လေ့ရှိပြီး ဒေသခံများကမူ မိုးထပ်မရွာပါက ရေ ပြန်ကျသွားမည်ဟု မျှော်လင့်နေကြသလို မိုးဆက်ရွာပါက ဘေးကင်းရာသို့ ပြောင်းရွှေ့နိုင်ရန် ပြင်ဆင်ထားကြကြောင်း သိရသည်။
Jul 29 • 1:41 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


