မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တို့ ပူးပေါင်း၍ မျိုးဆက်သစ် ဘောလုံးသမားများ ပေါ်ထွက်လာစေရန် ဒေသအလိုက် လေ့ကျင့်ရေးစင်တာ (RTC) များကို ဘားအံနှင့် ပဲခူးတို့တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် RTC စင်တာ စုစုပေါင်း ၈ ခုအထိ ရှိလာမည်ဖြစ်သည်။ အဆိုပါ စင်တာများအတွက် အသက်(၁၄)နှစ်အောက် အမျိုးသား/အမျိုးသမီး ကစားသမား ရွေးချယ်ပွဲများကို နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူး၊ တောင်ကြီး၊ မော်လမြိုင်၊ မြစ်ကြီးနားနှင့် ဘားအံတို့၌ ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၁၅ ရက်အတွင်း ဒေသအလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
FIFA/MFF Regional Training Center များ တိုးချဲ့ဖွင့်လှစ်ရန် အသက်(၁၄)နှစ်အောက် ဘောလုံးကစားသမားများ ရွေးချယ်မည်
Jul 29 • 1:33 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


