ရန်ကုန်မြို့တွင် သင်္ဘောသားအလုပ်အကိုင် ရှာဖွေပေးသူအဖြစ် လူသိများသည့် "ဦးစော" ဆိုသူသည် သင်္ဘောသားလူသစ် ၄၀ ကျော်ထံမှ စာရွက်စာတမ်းကြေး၊ ရိုက်ကြေးများနှင့် သင်္ဘောသားစာအုပ်များကို ကြိုတင်ရယူကာ ကျပ်သိန်း ၅,၀၀၀ ခန့် လိမ်လည်၍ ဇူလိုင် ၂၈ ရက်က အဖွဲ့နှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ဦးစောသည် Ultra Major ကုမ္ပဏီအမည်ဖြင့် စာရွက်စာတမ်းအတုများ၊ လေယာဉ်လက်မှတ်အတုများကို အသုံးပြု၍ လိမ်လည်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၎င်း၏နေအိမ်ကို စစ်ဆေးရာ သိမ်းဆည်းထားသည့် သင်္ဘောသားစာအုပ်များကို ပြန်လည်တွေ့ရှိခဲ့သဖြင့် ပိုင်ရှင်များထံ လွှဲပြောင်းပေးလျက်ရှိသည်။ လက်ရှိတွင် နစ်နာသူများနှင့် Ultra Major ကုမ္ပဏီတို့က အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။
ရန်ကုန်မြို့တွင်သင်္ဘောတင်ပေးမည်ဟုဆိုကာ သင်္ဘောသား ၄၀ ကျော်ထံမှ ကျပ်သိန်း ၅,၀၀၀ ခန့် လိမ်လည်ထွက်ပြေး
Jul 29 • 9:41 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 27 | 0 | 0 | 0 |


