တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျင်းဟိုင်ပြည်နယ်ရှိ ရှင်းဟိုင်းကောင်တီတွင် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ပြင်းအား ၅.၇ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၁၈ မိနစ်အကြာတွင် ပြင်းအား ၅.၈ မဂ္ဂနီကျုရှိ ဒုတိယမြောက် ငလျင်နှင့် မွန်းလွဲပိုင်းတွင် ပြင်းအား ၅ ရှိ နောက်ထပ် ငလျင်တစ်ခု ဆက်တိုက် ထပ်မံလှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်များသည် ကျင်းဟိုင်ပြည်နယ် မြို့တော် ရှင်းနန်မှ ၂၄၄ ကီလိုမီတာခန့် အကွာ လူဦးရေ နည်းပါးသည့် ကုန်းမြင့်ဒေသကို ဗဟိုပြု၍ အနက် ၁၀ ကီလိုမီတာမှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြို့တော် ရှင်းနန်အထိ ငလျင်ရိုက်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
Jul 29 • 9:39 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


