back

လာမည့်သီတင်းပတ်တွင် ထိုင်းဝန်ကြီးချုပ် အင်ဒိုနီးရှားနိုင်ငံသို့ ခရီးစဉ်သွားရောက်မည်

Jul 29 • 1:34 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

လာမည့်သီတင်းပတ်တွင် ထိုင်းဝန်ကြီးချုပ် အင်ဒိုနီးရှားနိုင်ငံသို့ ခရီးစဉ်သွားရောက်မည်

နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရန်အတွက် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ဩဂုတ် ၃ ရက်မှ ၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်...

နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရန်အတွက် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ဩဂုတ် ၃ ရက်မှ ၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။ ခရီးစဉ် မတိုင်မီ တနင်္လာနေ့က ထိုင်းအစိုးရအဖွဲ့သည် လုံခြုံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု စသည့် နယ်ပယ် ၃ ခုတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် ၂၀၂၆-၂၀၃၀ ငါးနှစ်တာ ထိုင်း-အင်ဒိုနီးရှား မဟာဗျူဟာမြောက် မိတ်ဖက်အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း သိရသည်။

news-view-count-icon

14