back

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

Jul 29 • 9:30 AM

breaking-news

မြန်မာ

မန္တလေး

cover

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌ ရေတော်ဆရာတော်နှင့် ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မျက...

ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌ ရေတော်ဆရာတော်နှင့် ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မျက်နှာသစ်တော်ရေ ဆက်ကပ်လှူဒါန်းခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။ ဘုရားဖူးပြည်သူများ လှူဒါန်းသည့် အာရုဏ်ဆွမ်း၊ သစ်သီးဆွမ်း၊ ရေချမ်း၊ ပန်းနှင့် ဆေး စသည့် လှူဖွယ်များကို မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံ ဆက်ကပ်လှူဒါန်းပေးခဲ့သလို မန္တလေးမြို့တွင်းရှိ ရပ်ကွက်ဓမ္မာရုံများ၌လည်း သီလကန်တော့ပွဲများ ကျင်းပ၍ ပြည်သူများ ဥပုသ်သီလ ဆောက်တည်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

8