တောင်ကိုရီးယားနှင့် မာကိုဆာ (Mercosur) ကုန်သွယ်ရေးအုပ်စုအကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (FTA) ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့် ဘရာဇီးသမ္မတ လူလာတို့ သဘောတူညီခဲ့ကြသည်။ ဘရာဇီးနိုင်ငံသို့ ရောက်ရှိနေသည့် သမ္မတ လီဂျေးမြောင်က အဆိုပါ သဘောတူညီချက်သည် တောင်ကိုရီးယားကုမ္ပဏီများ မာကိုဆာဈေးကွက်သို့ ဝင်ရောက်နိုင်မည်ဖြစ်သလို ဘရာဇီးနှင့် မာကိုဆာအဖွဲ့ဝင်နိုင်ငံများ အတွက်လည်း တောင်ကိုရီးယားမှတစ်ဆင့် အာရှဈေးကွက်များသို့ တိုးချဲ့ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း ထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


