back

ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

Jul 29 • 9:22 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

ဇူလိုင် ၂၉ ရက် (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုရား၊ ပုထိုး၊ ကျောင်းကန်များတွင် ဗုဒ...

ဇူလိုင် ၂၉ ရက် (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုရား၊ ပုထိုး၊ ကျောင်းကန်များတွင် ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။ ယခုနှစ်သည် ဝါထပ်သည့်နှစ်ဖြစ်သဖြင့် ဒုတိယဝါဆိုလပြည့်နေ့တွင် ရဟန်းသံဃာတော်များ ဝါဆိုဝါကပ်တော်မူကြသည့် သာသနာ့နေ့ထူးနေ့မြတ် ဖြစ်သည်။ ထို့အပြင် ယနေ့သည် မြတ်စွာဘုရားရှင်က ပဉ္စဝဂ္ဂီ ၅ ဦးတို့အား "ဓမ္မစက္ကပဝတ္တနသုတ်" တရားတော်ကို စတင်ဟောကြားတော်မူခဲ့သည့် "ဓမ္မစကြာနေ့" လည်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

10