back

ဝါဆိုလပြည့်နှင့် ဝါဝင်နေ့တွင် အရက်ရောင်းချမှု ထိုင်းအစိုးရ ယာယီပိတ်ပင်

Jul 29 • 9:18 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဝါဆိုလပြည့်နှင့် ဝါဝင်နေ့တွင် အရက်ရောင်းချမှု ထိုင်းအစိုးရ ယာယီပိတ်ပင်

ထိုင်းနိုင်ငံတွင် ဝါဆိုလပြည့် (အာသလ္လာနေ့) နှင့် ဝါဝင်နေ့ အထိမ်းအမှတ် ဘာသာရေး ရုံးပိတ်ရက်များဖြစ်သည့် ဇူလိုင် ၂၉ ရက် နံနက် ၁၂ နာရီ ၁ မိနစ်မှ ဇူလိုင် ၃၀ ရက် ညသန်...

ထိုင်းနိုင်ငံတွင် ဝါဆိုလပြည့် (အာသလ္လာနေ့) နှင့် ဝါဝင်နေ့ အထိမ်းအမှတ် ဘာသာရေး ရုံးပိတ်ရက်များဖြစ်သည့် ဇူလိုင် ၂၉ ရက် နံနက် ၁၂ နာရီ ၁ မိနစ်မှ ဇူလိုင် ၃၀ ရက် ညသန်းခေါင်ယံအထိ အရက်ရောင်းချမှုကို ယာယီပိတ်ပင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ တားမြစ်ချက်အရ ကင်းလွတ်ခွင့် မရရှိသည့် အရက်အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များ အနေဖြင့် အရက်ရောင်းချမှု ရပ်နားထားရမည်ဖြစ်သည်။ ထိုင်းအစိုးရ၏ လက်ရှိ စည်းမျဉ်းများအရ ဗုဒ္ဓဘာသာဝင်များ၏ အဓိက ဘာသာရေး ရုံးပိတ်ရက်များတွင် အရက်ရောင်းချမှုကို တားမြစ်ထားပြီး သတ်မှတ်ထားသည့် ကင်းလွတ်ခွင့်ရ လုပ်ငန်းများသာ ရောင်းချခွင့်ရှိကြောင်း သိရသည်။

news-view-count-icon

19