မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဒေသတစ်ဝိုက်တွင် ယခုနှစ် မေလက စိုက်ပျိုးခဲ့သည့် မိုးဦးသီးနှံများမှာ ဇူလိုင်လအထိ မိုးရရှိမှု နည်းပါးခဲ့ခြင်းကြောင့် အထွက်နှုန်း သိသိသာသာ လျော့ကျကာ တောင်သူများ စိုက်စရိတ် ရှုံးနိမ့်လျက်ရှိကြောင်းသိရသည်။မိုးနည်းမှုကြောင့် ပခုက္ကူဈေးကွက်သို့ ပဲတီစိမ်းဝင်ရောက်မှု နည်းပါးနေပြီး မိုးဦးနှမ်းများမှာလည်း ဝင်ရောက်ခြင်း မရှိသေးပေ။ ထို့ပြင် ပဲတီစိမ်းဈေးနှုန်းများ ပြန်လည်ကျဆင်းသွားခြင်းနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် ကုန်စည် လာရောက်ရောင်းချမှု နည်းပါးပြီး ကုန်းယာမြေ တောင်သူများ စီးပွားရေး အဆင်မပြေဖြစ်နေကြောင်း သိရသည်။
မကွေးတိုင်း ပခုက္ကူဒေသတွင် မိုးရရှိမှုနည်းပါး၍ မိုးဦးသီးနှံ အထွက်နှုန်းကျပြီး တောင်သူများ စိုက်စရိတ်ရှုံးနိမ့်
Jul 29 • 4:45 AM
မြန်မာ
မကွေး
မျှဝေမည်
| 14 | 0 | 0 | 0 |


