back

ဂျပန်၌ အပူလှိုင်းဒဏ်ကြောင့် ရွှေ့ပြောင်းရလွယ်ကူသော လေအေးပေးစက် များ အရောင်းသွက် လျှောက်လှမ်းလျက်ရှိ

Jul 29 • 4:45 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်၌ အပူလှိုင်းဒဏ်ကြောင့် ရွှေ့ပြောင်းရလွယ်ကူသော လေအေးပေးစက် များ အရောင်းသွက် လျှောက်လှမ်းလျက်ရှိ

ဂျပန်နိုင်ငံတွင် အပူချိန် ၄၀ ဒီဂရီစဲလ်စီးယပ်စ်အထိ စံချိန်တင် မြင့်တက်လာသည့် ပြင်းထန်သော အပူလှိုင်းဒဏ်ကြောင့် အိမ်သုံး အီလက်ထရွန်နစ် ပစ္စည်း ထုတ်လုပ်သူများနှင့် ...

ဂျပန်နိုင်ငံတွင် အပူချိန် ၄၀ ဒီဂရီစဲလ်စီးယပ်စ်အထိ စံချိန်တင် မြင့်တက်လာသည့် ပြင်းထန်သော အပူလှိုင်းဒဏ်ကြောင့် အိမ်သုံး အီလက်ထရွန်နစ် ပစ္စည်း ထုတ်လုပ်သူများနှင့် အရောင်းဆိုင်များတွင် ရွှေ့ပြောင်းရလွယ်ကူသော လေအေးပေးစက် (Portable Air Conditioners) များ ဝယ်ယူအားကောင်းပြီး အရောင်းသွက်လျက်ရှိသည်။ပုံမှန် တပ်ဆင်ရသည့် လေအေးပေးစက်များသည် ၂၀၂၇ ခုနှစ်တွင် စတင်မည့် စွမ်းအင်ခြိုးခြံချွေတာရေး စံချိန်စံညွှန်းသစ်များ မတိုင်မီ ဝယ်ယူလိုအား ရုတ်တရက် မြင့်တက်လာမှုကြောင့် တပ်ဆင်ခွင့်ရရန် တစ်လနီးပါး စောင့်ဆိုင်းနေရချိန်တွင် ယခု Portable AC များသည် တပ်ဆင်ခမလိုဘေး ပြတင်းပေါက်တွင် လေထွက်ပိုက်တပ်ဆင်ရုံဖြင့် ချက်ချင်း အသုံးပြုနိုင်ခြင်း၊ စျေးနှုန်း သက်သာခြင်းနှင့် မီးဖိုချောင်၊ ရေချိုးခန်း စသည့် လေအေးပေးစက်မရှိသော အခန်းများတွင်ပါ ရွှေ့ပြောင်းသုံးစွဲနိုင်ခြင်းတို့ကြောင့် လူကြိုက်များနေခြင်းဖြစ်သည်။ Bic Camera၊ Nitori နှင့် Sharp စသည့် စတိုးဆိုင်များနှင့် ထုတ်လုပ်သူအများအပြားက အဆိုပါ ရွှေ့ပြောင်း AC ဈေးကွက်အတွင်း အသစ်ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။

news-view-count-icon

9