back

ရှမ်းပြည်နယ်တောင်ကြီးနှင့် ရွှေညောင်မြို့တို့တွင် ဆေးရုံ/ဆေးခန်းများကို ပစ်မှတ်ထား၍ ဆိုင်ကယ်ခိုးယူမှုများပြားလာ

Jul 29 • 4:44 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ကြီးနှင့် ရွှေညောင်မြို့တို့တွင် ဆေးရုံ/ဆေးခန်းများကို ပစ်မှတ်ထား၍ ဆိုင်ကယ်ခိုးယူမှုများပြားလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့တို့ရှိ ဆေးရုံ၊ ဆေးခန်းများတွင် လူနာကြည့်လာသူများနှင့် လူနာပြလာသူများ၏ စိတ်လောနေသည့် အခြေအနေကို အခွင့...


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့တို့ရှိ ဆေးရုံ၊ ဆေးခန်းများတွင် လူနာကြည့်လာသူများနှင့် လူနာပြလာသူများ၏ စိတ်လောနေသည့် အခြေအနေကို အခွင့်ကောင်းယူကာ ဆိုင်ကယ်များ စောင့်ကြည့်ခိုးယူမှု ခပ်စိတ်စိတ် ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ဆေးရုံများတွင် လုံခြုံရေးစောင့်ကြည့်ပေးမည့်သူ မရှိသဖြင့် အချိန်တိုအတွင်း ဆိုင်ကယ်များ ခိုးယူခံနေရပြီး တရားခံဖမ်းဆီးရမိမှုလည်း နည်းပါးနေသည်။ ထို့ကြောင့် မိမိတို့၏ မော်တော်ဆိုင်ကယ်များကို သော့နှစ်ထပ်ခတ်ခြင်းနှင့် လုံခြုံသည့်နေရာများတွင်သာ ရပ်နားခြင်းတို့ဖြင့် အထူးဂရုပြု သတိထားကြရန် ဒေသခံများက တိုက်တွန်းထားကြသည်။

news-view-count-icon

15