ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန၏ ကျွမ်းကျင်သူများကော်မတီသည် Generative AI နည်းပညာကို အသုံးပြု၍ ကျော်ကြားသူများ၊ သရုပ်ဆောင်များနှင့် အဆိုတော်များ၏ အသံကို ခွင့်ပြုချက်မရှိဘဲ တရားမဝင် ထုတ်လွှတ်အသုံးပြုမှုများအတွက် ဥပဒေအရ တာဝန်ရှိမှုဆိုင်ရာ အစီရင်ခံစာမူကြမ်းကို အတည်ပြုလိုက်သည်။အဆိုပါ မူကြမ်းအရ လူသိများသူများ၏ အသံသည် Publicity Right (အမည်နှင့် ပုံရိပ်ဆိုင်ရာ စီးပွားရေးတန်ဖိုး ထိန်းချုပ်ခွင့်) အောက်တွင် ဥပဒေအရ အကာအကွယ်ရရှိမည်ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ AI ဖြင့် ဖန်တီးထားသော အသံများကို ဆိုရှယ်မီဒီယာတွင် တင်ဆက်၍ စီးပွားရေးအရ အကျိုးအမြတ်ရှာယူခြင်း သို့မဟုတ် သရုပ်ဆောင်များ၏ ပုံရိပ်ကို အသုံးပြု၍ မလျော်ကန်သော လိင်ပိုင်းဆိုင်ရာ ပုံရိပ်/ဗီဒီယိုများ (Sexual Deepfakes) ဖန်တီးခြင်းများ ပြုလုပ်ပါက ထိခိုက်သူများအနေဖြင့် လျော်ကြေးတောင်းဆိုနိုင်သလို၊ လိုင်းပေါ်မှ ဖယ်ရှားပေးရန် တောင်းဆိုပိုင်ခွင့်များ ရရှိမည်ဖြစ်သည်။ ဝန်ကြီးဌာနအနေဖြင့် အပြီးသတ် အစီရင်ခံစာကို လာမည့် သြဂုတ်လအတွင်း တရားဝင် ထုတ်ပြန်သွားရန် စီစဉ်ထားသည်။
ဂျပန်၌ ကျော်ကြားသူများ၏ အသံကို တရားမဝင် AI ဖြင့် အသုံးပြုမှုအတွက် ဥပဒေမူကြမ်းကို ဂျပန်တရားရေးဝန်ကြီးဌာန အတည်ပြု
Jul 29 • 4:43 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


