မန္တလေးမြို့တွင် စားသောက်ဖွယ်ရာ အစုံအလင်ဖြင့် ထည်ဝါစွာ ဖွင့်လှစ်သည့် လက်ဖက်ရည်ဆိုင်ကြီးများ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခြင်းကြောင့် ရပ်ကွက်များအတွင်းရှိ ဆိုင်ငယ်များ အရောင်းအဝယ် အေးစက်ကာ ပိတ်သိမ်းလာရကြောင်း လုပ်ငန်းရှင်နှင့် ဒေသခံ အသိုက်အဝန်းထံမှ သိရသည်။လွန်ခဲ့သော ၂ နှစ်ခန့်မှစ၍ တစ်နှစ်လျှင် လက်ဖက်ရည်ဆိုင်ကြီး ၁၀ ဆိုင်ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာကြပြီး နာမည်ရပြီးသား ဆိုင်များကလည်း မြို့အနှံ့ ဘရန့်ချ် (Branch) များ တိုးဖွင့်လာကြသည်။ အဆိုပါ ဆိုင်ကြီးများမှာ မျက်နှာစာ ပေ ၆၀ မှ ၁၀၀ ခန့်အထိ ကျယ်ဝန်းပြီး နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ လူကုံထံနှင့် အလယ်အလတ်တန်းစား စားသုံးသူများဖြင့် စည်ကားလျက်ရှိသည်။ မန္တလေးမြို့၏ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု ပြောင်းလဲလာမှုနှင့်အတူ အပြိုင်အဆိုင် မပြင်ဆင်နိုင်သည့် ဆိုင်အသေးစားနှင့် အလတ်စားများမှာ ပျောက်ကွယ်လျော့ပါးလာကြောင်း သိရသည်။
Jul 29 • 4:42 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 18 | 0 | 0 | 0 |


