back

မြန်မာစာကြည့်တိုက်လောကတွင် ထင်ရှားသည့် ပညာရှင် ဆရာကြီး စည်သူ ဦးသော်ကောင်း အသက် ၈၉ နှစ်တွင် ကွယ်လွန်

Jul 29 • 2:44 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာစာကြည့်တိုက်လောကတွင် ထင်ရှားသည့် ပညာရှင် ဆရာကြီး စည်သူ ဦးသော်ကောင်း အသက် ၈၉ နှစ်တွင် ကွယ်လွန်

မြန်မာနိုင်ငံ၏ စာကြည့်တိုက်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေးဟောင်းပေစာ၊ ပရပိုက်စာ စသည့် အဖိုးတန် စာပေအမွေအနှစ်များ ရေရှည်ထိန်းသိမ်းရေးအတွက် ဘဝတစ်လျှောက်လုံး ...

မြန်မာနိုင်ငံ၏ စာကြည့်တိုက်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေးဟောင်းပေစာ၊ ပရပိုက်စာ စသည့် အဖိုးတန် စာပေအမွေအနှစ်များ ရေရှည်ထိန်းသိမ်းရေးအတွက် ဘဝတစ်လျှောက်လုံး စနစ်တကျ ကြိုးပမ်းခဲ့သည့် ပညာရှင် ဆရာကြီး စည်သူ ဦးသော်ကောင်းသည် ဇူလိုင် ၂၉ ရက် နံနက် ၅ နာရီ ၂၇ မိနစ်တွင် အသက် ၈၉ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့သည်။

ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်တွင် စာကြည့်တိုက်ပညာဌာနကို စတင်တည်ထောင်ရာ၌ အဓိကပါဝင်ခဲ့ပြီး တက္ကသိုလ်များဗဟိုစာကြည့်တိုက်၏ ဌာနမှူးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၏ နာယကအဖြစ်လည်းကောင်း တာဝန်ယူကာ မျိုးဆက်သစ် စာကြည့်တိုက်ပညာရှင်များနှင့် သုတေသီများစွာကို မွေးထုတ်ပေးခဲ့သူဖြစ်သည်။ ဆရာကြီး၏ ပညာအမွေအနှစ်များနှင့် စာပေဆိုင်ရာ ကျေးဇူးပြုမှုများအတွက် လေးစားစွာ အောက်မေ့ဂုဏ်ပြုရင်း ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြောင်း မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း (MLA) က ထုတ်ပြန်ထားသည်။

news-view-count-icon

18