ယနေ့ ဇူလိုင် ၂၉ ရက်တွင် ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ရန်ကုန်မြို့၏ အထင်ကရ စေတီတော်တစ်ဆူဖြစ်သော ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားသိုက်မြိုက်လျက် ရှိပါသည်။အခါတော်နေ့၏ ထူးမြတ်လှသည့် သာသနာ့နေ့ထူးနေ့မြတ်တွင် ပြည်သူအပေါင်းတို့သည် စေတီတော်ရင်ပြင်တော်ပေါ်၌ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကြာဒေသနာတော်များကို ညီညာဖြတ်ဆန်း ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ခြင်း စသည့် ကုသိုလ်ကောင်းမှု အစုစုကို စိတ္တဇေတသိက် ကြည်လင်စွာဖြင့် ပြုလုပ်ပူဇော်နေကြသည့် ပုံရိပ်များကို ကြည်နူးဖွယ်ရာ တွေ့မြင်ကြရတာ ဖြစ်ပါသည်။
Jul 29 • 2:43 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 16 | 0 | 0 | 0 |


