back

ရှမ်းပြည်နယ် တောင်ကြီး အားကာတိုက်တန်းနေထိုင်သူများကို ၁၅ ရက်အတွင်း ဖယ်ရှားရန် စာထပ်မံထုတ်ပြန်

Jul 29 • 2:13 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် တောင်ကြီး အားကာတိုက်တန်းနေထိုင်သူများကို ၁၅ ရက်အတွင်း ဖယ်ရှားရန် စာထပ်မံထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အားကာတိုက်တန်း (တိုက်ခန်း ၆၂ ခန်း) တွင် နေထိုင်သူများအား ၁၅ ရက်အတွင်း ထွက်ခွာပေးရန် အားကစားနှင့် ကာယပညာဦးစီးဌာနက ၁၉၅၅...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အားကာတိုက်တန်း (တိုက်ခန်း ၆၂ ခန်း) တွင် နေထိုင်သူများအား ၁၅ ရက်အတွင်း ထွက်ခွာပေးရန် အားကစားနှင့် ကာယပညာဦးစီးဌာနက ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်း ဥပဒေဖြင့် အသိပေးစာကို ယမန်နေ့ကထပ်မံထုတ်ပြန်ခဲ့သည်။အဆိုပါ တိုက်ခန်းများကို မူလဝယ်ယူစဉ် စာချုပ်သက်တမ်းမှာ ၂၀၃၁ ခုနှစ်မှ ပြည့်မည်ဖြစ်ရာ ပင်စင်စား အိမ်ရှင်အများစုက တစ်ဖက်သတ် နှင်ထုတ်ခံရမှုအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာသို့ ဆက်လက် တင်ပြသွားမည်ဟု ဆိုသည်။ လက်ရှိတွင် စည်းကမ်းချက်များအရ ဖျက်သိမ်းခံရသည့် ဆိုင်ခန်းများနှင့် အားကာတိုက်ခန်းများမှ နေထိုင်သူများကို အေးသာယာမြို့ မင်းကျော်စွာအိမ်ရာ အပါအဝင် အခြားနေရာများသို့ ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း သိရသည်။

news-view-count-icon

13