back

လာအို၌ ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးထိန်းချုပ်ရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် စက်မှုလုပ်ငန်းသစ် စတင်လိုက်ပြီဖြစ်

Jul 29 • 2:32 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအို၌ ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးထိန်းချုပ်ရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် စက်မှုလုပ်ငန်းသစ် စတင်လိုက်ပြီဖြစ်

လာအိုနိုင်ငံတွင် ပြည်တွင်း၌ ရောင်းချနေသည့် ကုန်ပစ္စည်းများ၏ အရည်အသွေး နိမ့်ကျမှုနှင့် ပတ်သက်၍ ပြည်သူများထံမှ တိုင်ကြားမှုများ ပိုမိုများပြားလာသည့်အတွက် အစိုးရနှ...

လာအိုနိုင်ငံတွင် ပြည်တွင်း၌ ရောင်းချနေသည့် ကုန်ပစ္စည်းများ၏ အရည်အသွေး နိမ့်ကျမှုနှင့် ပတ်သက်၍ ပြည်သူများထံမှ တိုင်ကြားမှုများ ပိုမိုများပြားလာသည့်အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) မော်ဒယ်ဖြင့် ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးနှင့် ထောက်ခံချက်ထုတ်ပေးရေး အစိုးရပိုင် စက်မှုလုပ်ငန်းသစ်တစ်ရပ်ကို တည်ထောင်လိုက်သည်။ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ စံချိန်စံညွှန်းနှင့် တိုင်းတာရေး ဦးစီးဌာနနှင့် Lao Standard Control Co., Ltd. တို့ ပူးပေါင်း၍ အရင်းအနှီး ၅၁ ရာခိုင်နှုန်းကို အစိုးရက ပိုင်ဆိုင်ပြီး ကျန် ၄၉ ရာခိုင်နှုန်းကို ပုဂ္ဂလိက ကုမ္ပဏီက ပိုင်ဆိုင်ကာ စတင်လိုက်ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းသည် စက်သုံးဆီ အရည်အသွေး လိမ်လည်မှုများ၊ စံမမီသည့် ကုန်ပစ္စည်းများ၊ အတုအပများနှင့် အဆိပ်အတောက် ဖြစ်စေသည့် ဓာတုပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းလာမှုကို နယ်စပ်ဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးသွားမည်ဖြစ်သည်။ ထို့အပြင် ပြည်တွင်း၌ ရောင်းချမည့် သို့မဟုတ် ပြည်ပသို့ တင်ပို့မည့် ကုန်ပစ္စည်းများ၏ အရည်အသွေးကို နည်းပညာမြင့် ဓာတ်ခွဲခန်းများတွင် စစ်ဆေး၍ အမျိုးသား စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း စစ်ဆေးထောက်ခံချက်များ ထုတ်ပေးသွားမည်ဖြစ်ရာ စားသုံးသူများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လာအို ကုန်ပစ္စည်းများ၏ နိုင်ငံတကာ စျေးကွက် ပြိုင်ဆိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

news-view-count-icon

12