back

၂၀၂၆ ဖီဖာအာဆီယံဖလား ပြိုင်ပွဲမှ တရုတ်အသင်း နုတ်ထွက်

Jul 29 • 2:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၆ ဖီဖာအာဆီယံဖလား ပြိုင်ပွဲမှ တရုတ်အသင်း နုတ်ထွက်

လာမည့် စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပမည့် ၂၀၂၆ ဖီဖာအာဆီယံဖလား ပြိုင်ပွဲမှ ဖိတ်ခေါ်အသင်းဖြစ်သည့် တရုတ်အသင်း နုတ်ထွက်သွားခဲ့သည်။ တရုတ်အသင်းသည် ထိုကာ...

လာမည့် စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပမည့် ၂၀၂၆ ဖီဖာအာဆီယံဖလား ပြိုင်ပွဲမှ ဖိတ်ခေါ်အသင်းဖြစ်သည့် တရုတ်အသင်း နုတ်ထွက်သွားခဲ့သည်။ တရုတ်အသင်းသည် ထိုကာလအတွင်း ဥဇဘက်ကစ္စတန်၊ မြောက်ကိုရီးယား အပါအဝင် (၅) နိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ရှိနေသောကြောင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ဖီဖာအနေဖြင့် တရုတ်အသင်းနေရာတွင် အခြားတစ်သင်းနှင့် အစားထိုးရန် စီစဉ်နေသည်။အဆိုပါ ပြိုင်ပွဲကို Premier Division (Division-1) နှင့် Challenge Division (Division-2) ဟူ၍ အဆင့်နှစ်ဆင့် ခွဲ၍ ကျင်းပမည်ဖြစ်သည်။ Premier Division ကို အင်ဒိုနီးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကာ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယနှင့် အစားထိုးမည့် အသင်းတို့ လေးသင်း နှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ Challenge Division ကိုမူ ဟောင်ကောင်၌ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း အပါအဝင် အိမ်ရှင် ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနှင့် တီမောအသင်းတို့ သုံးသင်း နှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

news-view-count-icon

18