တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသည့် ဆလိုဗက်ကီးယားနိုင်ငံ သမ္မတ Peter Pellegrini အား သမ္မတ ရှီကျင့်ဖျင်က ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုကာ နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ဆလိုဗက်ကီးယား သမ္မတ Peter Pellegrini ကလည်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများနှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် တရုတ်-ဥရောပ သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးပွဲများဖြင့် ဖြေရှင်းရန် တက်ကြွစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သန့်ရှင်းစွမ်းအင်၊ AI၊ စက်ရုပ်နှင့် ဒစ်ဂျစ်တယ် စီးပွားရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။
Jul 29 • 1:50 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


