back

ပြည်တွင်း၌ ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက် ORTP ထုတ်ပြန်

Jul 29 • 1:53 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက် ORTP ထုတ်ပြန်

ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူ ခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်လိုက်သည်။သတ်မှတ်ထားသော စည်းကမ်းများတွင် ရထားပေါ်ရ...

ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူ ခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်လိုက်သည်။သတ်မှတ်ထားသော စည်းကမ်းများတွင် ရထားပေါ်ရှိ အရေးပေါ်ကိရိယာများကို အကြောင်းမဲ့ မသုံးရခြင်း၊ ဆက်သွယ်ရေးစနစ်နှင့် စက်ပစ္စည်းများကို မဖျက်ဆီးရခြင်း၊ ရထားထွက်ခွာစဉ် သို့မဟုတ် မရပ်မီ ခုန်တက်၊ ခုန်ဆင်း မပြုရခြင်းတို့ ပါဝင်သည်။ထို့ပြင် ရထားအမိုး၊ ခြေနင်းနှင့် အတွဲများကြားတွင် မစီးနင်းရခြင်း၊ အခြားခရီးသည်များကို စိတ်အနှောင့်အယှက် မပေးရခြင်း၊ ရထားဝန်ထမ်းများကို မနှောင့်ယှက်ရခြင်း၊ ခွင့်ပြုချက်မရှိသော ဈေးရောင်းသူနှင့် တောင်းရမ်းသူများသည် တာဝန်ရှိသူများ ညွှန်ကြားချက်ကို လိုက်နာရခြင်း၊ ရထားလမ်းဖြတ် ဂိတ်တံခါးများကို မဖွင့်၊ မပိတ်ရခြင်းနှင့် သတ်မှတ်ထားသည့် နေရာများ၌ ဆေးလိပ် မသောက်ရခြင်းတို့ ပါဝင်သည်။ အဆိုပါ စည်းကမ်းများကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၃ လအထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ အရေးယူခံရမည်ဖြစ်ပြီး အသေးစိတ်ကို ORTP Hotline 1188 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

news-view-count-icon

47