တရုတ်နိုင်ငံ၏ လေထုညစ်ညမ်းမှု လျှော့ချရေးနှင့် ရေအရင်းအမြစ် ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းချက်များကြောင့် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း လေထုနှင့် ရေထု အရည်အသွေးများ ဆက်လက် တိုးတက်ကောင်းမွန်လာကြောင်း ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ဇန်နဝါရီလမှ ဇွန်လအထိ မြို့ကြီး ၃၃၉ မြို့၏ PM2.5 ပျမ်းမျှ သိပ်သည်းဆမှာ တစ်ကုဗမီတာလျှင် ၂၉.၉ မိုက်ခရိုဂရမ်အထိ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၆.၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကာ လေထုအရည်အသွေး ကောင်းမွန်သည့် ရက်ပေါင်း ၈၂.၈ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ထို့ပြင် စောင့်ကြည့်လေ့လာခဲ့သည့် ရေမျက်နှာပြင် အပိုင်းများ၏ ၈၇.၄ ရာခိုင်နှုန်းမှာ အရည်အသွေး ကောင်းမွန်သည့် အဆင့် (၁ မှ ၃) အတွင်း ရှိခဲ့ပြီး အဆိုးရွားဆုံး အဆင့် (၅) အောက် ရေထုပမာဏမှာလည်း ၀.၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
Jul 29 • 1:49 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


