ယမန်နေ့က ကျင်းပခဲ့သည့် ASEAN Hyundai Cup 2026 (အာဆီယံ ချန်ပီယံရှစ်) အုပ်စု (B) ပွဲစဉ်တွင် မြန်မာလက်ရွေးစင် အမျိုးသားအသင်းသည် အိမ်ရှင် ဖိလစ်ပိုင်အသင်းကို အဝေးကွင်း၌ ၄-၁ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ပွဲစဉ်အစ ပထမပိုင်းတွင် ကျော်မင်းဦးနှင့် သန်းပိုင်တို့က ဦးဆောင်ဂိုးများ သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းတွင် သန်းပိုင်နှင့် ဝင်းနိုင်ထွန်းတို့က နောက်ထပ် ဦးဆောင်ဂိုးများ ထပ်မံဖြည့်ဆည်းခဲ့ကြသည်။ ဖိလစ်ပိုင်အသင်းက ချေပဂိုး ၁ ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် မြန်မာအသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။အုပ်စုအဖွင့်ပွဲစဉ်တွင် မလေးရှားအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့သော မြန်မာအသင်းအနေဖြင့် ယခုအနိုင်ရလဒ်ကြောင့် အုပ်စုအတွင်း ပထမဆုံး ၃ မှတ် ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ရေးအတွက် မျှော်လင့်ချက် ပြန်လည် အားကောင်းလာခဲ့သည်။
Jul 29 • 1:48 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


