ASEAN Hyundai Cup 2026 အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေသည့် ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်းပြီးဆုံးချိန်၌ မြန်မာအသင်းက ၂-ဂိုး ၀-ဂိုးဖြင့် ဦးဆောင်ထားသည်။ နှစ်ဖက်စလုံး အပြန်အလှန် ထိုးဖောက်ကစားခဲ့သော်လည်း မြန်မာအသင်းက ရရှိသော အခွင့်အရေးများကို ထိရောက်စွာ အသုံးချကာ ဦးဆောင်ဂိုး ၂ ဂိုး စတင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း၏ ခံစစ်နှင့် ဂိုးသမားတို့၏ လက်စွမ်းပြ ကာကွယ်မှုများကြောင့် ဂိုးမရရှိဘဲ ပထမပိုင်းအပြီးတွင် အရေးနိမ့်နေကြောင်း သိရသည်။
Jul 28 • 1:53 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


