ဂျပန်နိုင်ငံ တောင်ပိုင်း ခူရှုကျွန်း အတွင်းပိုင်း၌ ပြင်းအား ၇.၁ မဂ္ဂနီကျုရှိသည့် အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ကူမာမိုတိုမြို့ရှိ အေနွန် စျေးဝယ်စင်တာအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဒဏ်ရာရရှိသူများပြားသည့်အပြင် ပိတ်မိနေသူများလည်း ရှိနေကြောင်း သိရသည်။ အဆိုပါ ငလျင်ကြောင့် လူပေါင်း ၁၅,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး ထုတ်ပြန်ခဲ့သည့် ဆူနာမီ သတိပေးချက်ကိုမူ ၁ နာရီအတွင်း ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံတောင်ပိုင်း၌ အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စျေးဝယ်စင်တာအတွင်း ပိတ်မိသူများနှင့် ဒဏ်ရာရရှိသူများပြား
Jul 28 • 12:38 PM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


