back

မန္တလေးတွင် အမှိုက်စနစ်တကျ စွန့်ပစ်ရေး ပညာပေးအစီအစဉ်၌ စည်ပင်လှပျိုဖြူများနှင့် အနုပညာရှင်များ ပါဝင်ဆောင်ရွက်မည်

Jul 28 • 9:41 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတွင် အမှိုက်စနစ်တကျ စွန့်ပစ်ရေး ပညာပေးအစီအစဉ်၌ စည်ပင်လှပျိုဖြူများနှင့် အနုပညာရှင်များ ပါဝင်ဆောင်ရွက်မည်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြို့နေပြည်သူများ အမှိုက်စနစ်တကျ စွန့်ပစ်သည့် အလေ့အကျင့် ရရှိစေရေးအတွက် အပတ်စဉ် အင်္ဂါနေ့တိုင်း ပညာပေးအစီအစဉ် ပြုလုပ်သွား...

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြို့နေပြည်သူများ အမှိုက်စနစ်တကျ စွန့်ပစ်သည့် အလေ့အကျင့် ရရှိစေရေးအတွက် အပတ်စဉ် အင်္ဂါနေ့တိုင်း ပညာပေးအစီအစဉ် ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းအစီအစဉ်တွင် LED ဘုတ်ပါ ကားကြီးများဖြင့် ပြသမည်ဖြစ်ပြီး စည်ပင်လှပျိုဖြူများက အမှိုက်ကောက်ဟန် ပါဖောင့်မန့်များဖြင့် လက်တွေ့ သရုပ်ပြကြမည်ဖြစ်သည်။ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ကျုံးအရှေ့တောင်ထောင့်၌ ပြုလုပ်သည့် အဆိုပါ ပညာပေးပွဲတွင် ဖိုးသောကြာ၊ ရဲထွဋ်ကျော်၊ မယ်လိုဒီနှင့် ထွန်းရတီ စသည့် အနုပညာရှင်များက ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။ မြို့တော်စည်ပင်၏ ပညာပေးမှုအပေါ် ပြည်သူများက ကြိုဆိုကြသလို ရပ်ကွက်အတွင်း အမှိုက်ကားများ ပုံမှန်လာရောက် သိမ်းဆည်းပေးရန်လည်း တောင်းဆိုထားကြကြောင်း သိရသည်။

news-view-count-icon

18