back

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ-ရန်ကုန်ကားလမ်းတွင် ယာဉ်ဘီးပေါက်၍ သစ်ပင်တိုက်မှုဖြစ်ပွား၊ ယာဉ်မောင်း ၁ ဦး ထိခိုက်ဒဏ်ရာရ

Jul 28 • 9:42 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ-ရန်ကုန်ကားလမ်းတွင် ယာဉ်ဘီးပေါက်၍ သစ်ပင်တိုက်မှုဖြစ်ပွား၊ ယာဉ်မောင်း ၁ ဦး ထိခိုက်ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ-ရန်ကုန်ကားလမ်း၊ စစ်တပင်ကျေးရွာအနီးတွင် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ပုသိမ်မှ လပွတ္တာဘက်သို့ မောင်းနှင်လာသည့် ISUZU (အဖြူရောင်) ယာဉ...

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ-ရန်ကုန်ကားလမ်း၊ စစ်တပင်ကျေးရွာအနီးတွင် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ပုသိမ်မှ လပွတ္တာဘက်သို့ မောင်းနှင်လာသည့် ISUZU (အဖြူရောင်) ယာဉ်သည် ရှေ့ဘယ်ဘက်ဘီးပေါက်၍ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ညပ်နေသည့် ယာဉ်မောင်းအား မြောင်းမြမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မေတ္တာရှင် လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် မြောင်းမြပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

17