back

ထိုင်းနိုင်ငံတွင် ဘိလိယက်ထိုးနေသည့် မြန်မာလုပ်သား ၁၈ ဦး လောင်းကစားပြုလုပ်မှုဖြင့် ဖမ်းဆီးခံရ

Jul 28 • 9:40 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ဘိလိယက်ထိုးနေသည့် မြန်မာလုပ်သား ၁၈ ဦး လောင်းကစားပြုလုပ်မှုဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ လာ့ဘူရီမြို့၊ နောင်ကလန်နာရပ်ကွက်တွင် မြန်မာနိုင်ငံသားများ စုဝေး၍ လောင်းကစား ပြုလုပ်နေကြောင်း တိုင်ကြားချက်အရ ထိုင်းအာဏာပိုင်များက ဇူလိုင် ၂၆ ရက်တ...

ထိုင်းနိုင်ငံ၊ လာ့ဘူရီမြို့၊ နောင်ကလန်နာရပ်ကွက်တွင် မြန်မာနိုင်ငံသားများ စုဝေး၍ လောင်းကစား ပြုလုပ်နေကြောင်း တိုင်ကြားချက်အရ ထိုင်းအာဏာပိုင်များက ဇူလိုင် ၂၆ ရက်တွင် သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် ပိုက်ကျော်ခြင်းကစားသူ ၇၀ ဦးနှင့် ဘိလိယက်ထိုးနေသူ ၁၈ ဦးကို တွေ့ရှိခဲ့ရာ မူးယစ်ဆေးဝါး စစ်ဆေးမှု ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ မတွေ့ရှိသဖြင့် ပိုက်ကျော်ခြင်း ကစားသူများကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ဘိလိယက်ထိုးနေသည့် မြန်မာနိုင်ငံသား ၁၈ ဦးကိုမူ လောင်းကစား ပြုလုပ်သည်ဟုဆိုကာ လာ့ဘူရီရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

16