ဇူလိုင် ၂၈ ရက်မှ ၃၀ ရက်အတွင်း Southern Delta Aquarids ဥက္ကာပျံမိုး ရွာသွန်းမည်ဖြစ်ကြောင်း ထိုင်းနက္ခတ်ဗေဒအသင်းက အသိပေးထားသည်။ အဆိုပါ ဥက္ကာပျံမိုးသည် Delta Aquarius ကြယ်အနီးတွင် ဗဟိုပြုဖြစ်ပေါ်မည်ဖြစ်ပြီး ည ၁ နာရီနောက်ပိုင်းမှ မိုးလင်းခါနီးအချိန်အထိ အများဆုံး တွေ့မြင်နိုင်မည်ဖြစ်သည်။ အမြင့်ဆုံးအချိန်တွင် တစ်နာရီလျှင် ဥက္ကာပျံ ၁၅ စီးမှ ၂၀ အထိ တွေ့မြင်ရနိုင်ပြီး သီးသန့်ကိရိယာများ မလိုဘဲ သာမန်မျက်စိဖြင့် ကြည့်ရှုနိုင်ကြောင်း သိရသည်။
Jul 28 • 9:34 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


