back

ရာသီဥတုအကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး/ပုစွန်ဖမ်းဆီးပါက အရေးယူမည်

Jul 28 • 9:35 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရာသီဥတုအကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး/ပုစွန်ဖမ်းဆီးပါက အရေးယူမည်

မုတ်သုံရာသီ ရာသီဥတုဆိုးရွားချိန်အတွင်း ကမ်းဝေးနှင့် ကမ်းနီး ငါးဖမ်းရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ကျွန်းခိုရပ်နားနိုင်ရန် သတ်မှတ်နေရာများ ခွင့်ပြုပေးထားသော်လည်...

မုတ်သုံရာသီ ရာသီဥတုဆိုးရွားချိန်အတွင်း ကမ်းဝေးနှင့် ကမ်းနီး ငါးဖမ်းရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ကျွန်းခိုရပ်နားနိုင်ရန် သတ်မှတ်နေရာများ ခွင့်ပြုပေးထားသော်လည်း ယင်းကို အကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး/ပုစွန် ဖမ်းဆီးပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ မုတ်သုံလှိုင်းဒဏ်၊ လေဒဏ်မှ ခိုလှုံရန် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ သတ်မှတ်ကျွန်းများနှင့် ချောင်းများအတွင်း ဇွန် ၉ ရက်ကတည်းက ခိုလှုံခွင့်ပြုထားခဲ့ခြင်း ဖြစ်သည်။ သတ်မှတ်ထားသည့် တည်နေရာများတွင် လှိုင်းလေခိုလှုံရန်သာ ဖြစ်ပြီး တရားမဝင် ငါးဖမ်းဆီးခြင်း မပြုကြရန်လည်း အသိပေးထားကြောင်း သိရသည်။

news-view-count-icon

15