ကယားပြည်နယ်အတွင်း ၅ နှစ်ကျော် မှတ်ပုံတင်သက်တမ်းလွန်နေသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို သတ်မှတ်အထောက်အထားများ တင်ပြပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွိုင်ကော်မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်မော်မော်ခိုင်၏ မေးခွန်းကို ပြန်လည်ဖြေကြားစဉ် ဒုတိယဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


