ပဲခူးမြို့နှင့် မဒေါက်မြို့တို့တွင် မြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၈ ရက် နံနက် ၈ နာရီတွင် ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၂ ပေကျော်အကွာသို့ ရောက်ရှိနေပြီဖြစ်ရာ မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုရန် အသိပေးထားသည်။
Jul 28 • 8:44 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 15 | 0 | 0 | 0 |


