back

မုတ်သုံလေ အားကောင်းနေ၍ နိုင်ငံအနှံ့ မိုးရွာမည်၊ ဒေသအချို့တွင် မိုးကြီးနိုင်

Jul 28 • 8:43 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မုတ်သုံလေ အားကောင်းနေ၍ နိုင်ငံအနှံ့ မိုးရွာမည်၊ ဒေသအချို့တွင် မိုးကြီးနိုင်

မုတ်သုံလေ အားကောင်းနေသဖြင့် မြန်မာနိုင်ငံတစ်ဝန်း ယနေ့ (ဇူလိုင် ၂၈ ရက်) ညနေပိုင်းအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ ပဲခ...

မုတ်သုံလေ အားကောင်းနေသဖြင့် မြန်မာနိုင်ငံတစ်ဝန်း ယနေ့ (ဇူလိုင် ၂၈ ရက်) ညနေပိုင်းအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ မွန်၊ ကရင်နှင့် မကွေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံ ဟယ်လ်ဒီယာမြို့အနီးမှ ဖြတ်ကျော်ခဲ့သည့် အားကောင်းသော မုန်တိုင်းငယ်မှာ မုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပြီ ဖြစ်သည်။ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေး၊ မကွေးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ကျန်ဒေသများတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

news-view-count-icon

22