အသက် ၆ နှစ်မှ ၁၈ နှစ်အထိ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ပိုင်း၊ သိမှု၊ ဘာသာစကား၊ စိတ်ပိုင်းနှင့် လူမှုဆက်ဆံရေးဆိုင်ရာ နယ်ပယ် ၅ ရပ်ကို လေ့ကျင့်သင်ကြားပေးမည့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (နေပြည်တော်) ဖွင့်ပွဲကို ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းကျောင်းတွင် နေ့စဉ်လူနေမှုဘဝ ကိုယ်တိုင်ဆောင်ရွက်နိုင်ရေး (ADL) နှင့် အထူးပညာရေး (Special Education) စနစ်များဖြင့် သင်ကြားပေးမည်ဖြစ်သည်။ ဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မသန်စွမ်းကလေးများကို မိမိသားသမီးကဲ့သို့ စေတနာ၊ ကရုဏာဖြင့် နွေးထွေးစွာ ပြုစုစောင့်ရှောက်ရန် မှာကြားခဲ့ပြီး ယခုကျောင်းသည် ရန်ကုန်နှင့် မန္တလေးပြီးလျှင် တတိယမြောက် ဖွင့်လှစ်သည့် ကျောင်းဖြစ်ကြောင်း သိရသည်။
| 17 | 0 | 0 | 0 |


