back

ရန်ကုန်မြို့တွင်းဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးအတွက် ဒဂုံဆိပ်ကမ်း အမှတ်(၂) ဓာတ်အားခွဲရုံကို ခေတ်မီနည်းပညာဖြင့် အဆင့်မြှင့်တင်

Jul 28 • 8:23 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင်းဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးအတွက် ဒဂုံဆိပ်ကမ်း အမှတ်(၂) ဓာတ်အားခွဲရုံကို ခေတ်မီနည်းပညာဖြင့် အဆင့်မြှင့်တင်

ရန်ကုန်မြို့အတွင်း ဓာတ်အားပျောက်ဆုံးမှု လျှော့ချရန်နှင့် ဓာတ်အားဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရန် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အမှတ် (၂) ဓာတ်အားခွဲရုံကိ...

ရန်ကုန်မြို့အတွင်း ဓာတ်အားပျောက်ဆုံးမှု လျှော့ချရန်နှင့် ဓာတ်အားဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရန် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အမှတ် (၂) ဓာတ်အားခွဲရုံကို ခေတ်မီ Switch Gear စနစ်သစ်များဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ဇူလိုင် ၂၆ ရက်တွင် အဆင့်မြှင့်တင် တပ်ဆင်ခဲ့သည်။ ယင်းသို့ အဆင့်မြှင့်တင်မှုသည် ဓာတ်အားဖြန့်ဖြူးမှု စနစ်ကို ပိုမိုခိုင်မာစေပြီး ဓာတ်အားပျောက်ဆုံးမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် မိုးရာသီ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရန်အတွက် ခွဲရုံအဆောက်အအုံကိုလည်း မူလထက် ၂ ပေခန့် မြှင့်တင်တည်ဆောက်ထားကြောင်း သိရသည်။

news-view-count-icon

17