လှော်ကားရေတွန်းစက်ရုံရှိ Transformer ချို့ယွင်းမှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ပြုပြင်ပြီးစီးခဲ့သဖြင့် ရေတွန်းစက်များ ပုံမှန်ပြန်လည်လည်ပတ်ကာ ရေပေးဝေမှု ပုံမှန်ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းက Transformer အစိတ်အပိုင်း အချို့ ချို့ယွင်းမှုကြောင့် မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့် အပါအဝင် မြို့နယ် ၁၆ မြို့နယ်၌ ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်ခဲ့ရာ ယာယီရပ်နား ပြုပြင်ခဲ့ပြီးနောက် နေ့လယ် ၃ နာရီတွင် ပြုပြင်ပြီးစီး၍ စွမ်းအားပြည့် ပြန်လည်မောင်းနှင်နေပြီဖြစ်ကြောင်း YCDC က အသိပေးထုတ်ပြန်ထားသည်။
Jul 28 • 8:22 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 19 | 0 | 0 | 0 |


