back

မန္တလေးတိုင်း ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သူ တစ်နှစ်ပတ်လုံး မပြတ်ရှိနေ

Jul 28 • 6:35 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သူ တစ်နှစ်ပတ်လုံး မပြတ်ရှိနေ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တစ်ခုတည်းသော တောင်ပေါ်အပန်းဖြေမြို့ဖြစ်သည့် ပြင်ဦးလွင်သို့ နွေ၊ မိုး၊ ဆောင်း သုံးရာသီကာလပတ်လုံး ပြည်တွင်းခရီးသွားများ နေ့စဉ်မပြတ် ...

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တစ်ခုတည်းသော တောင်ပေါ်အပန်းဖြေမြို့ဖြစ်သည့် ပြင်ဦးလွင်သို့ နွေ၊ မိုး၊ ဆောင်း သုံးရာသီကာလပတ်လုံး ပြည်တွင်းခရီးသွားများ နေ့စဉ်မပြတ် ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများနှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ပြင်ဦးလွင်မြို့တွင် ခရီးစဉ်အသစ်မရှိသေးသော်လည်း လက်ရှိအခြေအနေအရ လုံခြုံမှုရှိခြင်း၊ သဘာဝရေတံခွန်များ၊ ဘာသာရေးနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နေရာများအပြင် ရာသီအလိုက် ပွဲတော်များရှိခြင်းတို့ကြောင့် သာမန်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ၌ပင် တစ်ရက်လျှင် ခရီးသွားထောင်ချီ ဝင်ရောက်လေ့ရှိသည်။ နွေရာသီတွင် အပန်းဖြေစခန်းများ၊ မိုးရာသီတွင် သဘာဝအခြေပြု ရေတံခွန် ခရီးစဉ်များနှင့် ဆောင်းရာသီတွင် ဒေသဓလေ့ထုံးတမ်း ပွဲတော်များ ရှိနေသဖြင့် မိုးတွင်းကာလတွင်ပင် ခရီးသွားလာမှု သိသိသာသာ လျော့ကျသွားခြင်းမရှိဘဲ တစ်နှစ်ပတ်လုံး လာရောက်သူ မပြတ်ရှိနေခြင်း ဖြစ်သည်။

news-view-count-icon

20