back

မန္တလေး၌ လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်ဖြစ်

Jul 28 • 4:31 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး၌ လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို လာမည့်...

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို လာမည့် ဩဂုတ်လ ၁၅ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။အဆိုပါပြိုင်ပွဲကို မန္တလေးမြို့၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ် ပင်မဂိတ် (Main Gate) မှ နံနက် ၅ နာရီခွဲတွင် စတင်ထွက်ခွာ၍ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အသက် (၁၈) နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီး မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်များအနေဖြင့် ဆိုင်ကယ်/စက်ဘီးစီး ဦးထုပ် (Helmet) မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်ကာ အဆင့်အလိုက် အထူးဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

21