back

တနင်္သာရီတိုင်း၌ ကွမ်းသီးအနု ဈေးပြန်ကျသဖြင့် တောင်သူများ တွက်ခြေမကိုက်ဖြစ်နေ

Jul 28 • 4:29 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၌ ကွမ်းသီးအနု ဈေးပြန်ကျသဖြင့် တောင်သူများ တွက်ခြေမကိုက်ဖြစ်နေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ကွမ်းသီးအနု ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားသဖြင့် တောင်သူများ တွက်ခြေမကိုက် ဖြစ်နေကြကြောင်း သိရသည်။ကွမ်းသီးအနု ရာသီအစ မေလတွင...

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ကွမ်းသီးအနု ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားသဖြင့် တောင်သူများ တွက်ခြေမကိုက် ဖြစ်နေကြကြောင်း သိရသည်။ကွမ်းသီးအနု ရာသီအစ မေလတွင် တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ခန့်၊ ဇွန်လတွင် ကျပ် ၈,၅၀၀ ခန့်အထိ ဈေးရခဲ့သော်လည်း ဇူလိုင်လ နောက်ဆုံးအပတ်တွင် ကျပ် ၅,၅၀၀ ခန့်သို့ ပြန်လည်ကျဆင်းသွားသဖြင့် ခူးဆွတ်ရောင်းချသူ နည်းပါးသွားသည်။ လက်ရှိတွင် အထွေထွေ ကုန်ဈေးနှုန်းများနှင့် လုပ်သားခများ မြင့်တက်နေသော်လည်း တရုတ်ဝယ်လက်များက ဈေးကောင်းမပေးခြင်းနှင့် ပွဲရုံအချို့ အဝယ်ရပ်ထားခြင်းတို့ကြောင့် ကွမ်းသီးအနုရော အခြောက်ပါ ဈေးမရဖြစ်နေသည်။တောင်သူများအနေဖြင့် ကရိကထသက်သာခြင်း၊ ခိုးယူခံရမည့်အန္တရာယ်နှင့် စစ်ဘေးလွတ်ရာ ရှောင်တိမ်းရပါက ဆုံးရှုံးမှုနည်းစေရန် ကွမ်းသီးအနုကိုသာ ခူးဆွတ်ရောင်းချချင်ကြသော်လည်း လက်ရှိတွင် ပွဲရုံများက ဈေးပြန်တက်မှသာ ခူးဆွတ်ရောင်းချရန် အကြံပြုထားကြောင်း သိရသည်။

news-view-count-icon

24