back

ဂျပန်အ‌ခြေစိုက်Seven & iက ပိုလန်စတိုးဆိုင်ခွဲ Zabka တွင် ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ရုပ်သိမ်းခဲ့

Jul 28 • 4:28 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်အ‌ခြေစိုက်Seven & iက ပိုလန်စတိုးဆိုင်ခွဲ Zabka တွင် ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ရုပ်သိမ်းခဲ့

ဂျပန်နိုင်ငံမှ (7-Eleven) ၏ မိခင်ကုမ္ပဏီဖြစ်သည့် Seven & i Holdings သည် ပိုလန်နိုင်ငံ၏ အကြီးဆုံး စတိုးဆိုင်ခွဲ လုပ်ငန်းစုဖြစ်သော Zabka Group ၌ ရင်းနှီးမြှု...

ဂျပန်နိုင်ငံမှ (7-Eleven) ၏ မိခင်ကုမ္ပဏီဖြစ်သည့် Seven & i Holdings သည် ပိုလန်နိုင်ငံ၏ အကြီးဆုံး စတိုးဆိုင်ခွဲ လုပ်ငန်းစုဖြစ်သော Zabka Group ၌ ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးမှုများကို သဘောတူညီမှု မရရှိခဲ့သဖြင့် ရုပ်သိမ်းလိုက်ပြီဖြစ်သည်။အစုရှယ်ယာရှင်များအတွက် အကျိုးရှိစေမည့် သဘောတူညီချက်မျိုး မရရှိခဲ့သည့်အတွက် ယခုကဲ့သို့ အစီအစဉ်ကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သော်လည်း ကုမ္ပဏီအနေဖြင့် ဥရောပစေးကွက်သို့ တိုးချဲ့မည့် မဟာဗျူဟာကိုမူ ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ဂျပန်ပြည်တွင်း ဈေးကွက်ကျဉ်းမြောင်းလာမှုကြောင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံနှင့် ဒေသပေါင်း ၃၀ အထိ စတိုးဆိုင်ခွဲများ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

news-view-count-icon

15