back

မလေးရှား Kelana Jaya LRT ရထားလိုင်း၌ ရထားတံခါး ပိတ်မရသဖြင့် ပြေးဆွဲမှုကို Taman Bahagia ဘူတာတွင် ခေတ္တရပ်ဆိုင်းခဲ့ရ

Jul 28 • 3:38 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှား Kelana Jaya LRT ရထားလိုင်း၌ ရထားတံခါး ပိတ်မရသဖြင့် ပြေးဆွဲမှုကို Taman Bahagia ဘူတာတွင် ခေတ္တရပ်ဆိုင်းခဲ့ရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Kelana Jaya LRT ရထားလိုင်းမှ ရထားတစ်စင်းသည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက Taman Bahagia ဘူတာအရောက်တွင် တံခါးတစ်ချပ် ပိတ်မရဘဲ ပွ...

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Kelana Jaya LRT ရထားလိုင်းမှ ရထားတစ်စင်းသည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက Taman Bahagia ဘူတာအရောက်တွင် တံခါးတစ်ချပ် ပိတ်မရဘဲ ပွင့်နေသည့် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်ပွားခဲ့သောကြောင့် ပြေးဆွဲမှုကို ခေတ္တခဏ ရပ်ဆိုင်းခဲ့ရသည်။Rapid KL ၏ သတင်းထုတ်ပြန်ချက်အရ ခရီးသည်များ၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စက်ခေါင်းမောင်းသူနှင့် တာဝန်ရှိသူများက စည်းကမ်းချက်များနှင့်အညီ ရထားပေါ်ပါ ခရီးသည်များအားလုံးကို Taman Bahagia ဘူတာ၌ ဘေးကင်းစွာ ဆင်းသက်စေခဲ့ပြီး အဆိုပါ ရထားကို စစ်ဆေးပြုပြင်ရန်အတွက် အလုပ်ရုံသို့ ပြန်လည်မောင်းနှင်သွားခဲ့သည်။ ရထားလိုင်းပြေးဆွဲမှု ခေတ္တကြန့်ကြာခဲ့သော်လည်း အစားထိုး ရထားများဖြင့် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

18