တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ အောက်ရေပုန်းရပ်၊ ကျားတွင်းရေကန်အနီးရှိ ရေတွင်းထဲသို့ ဇူလိုင် ၂၇ ရက် ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ခွေးတစ်ကောင် ပြုတ်ကျသွားခဲ့ကြောင်းသိရသည်။သတင်းရရှိသည်နှင့်တစ်ပြိုင်နက် မြိတ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် အဆိုပါခွေးအား အသက်ရှင်လျက် အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်း မြိတ်မြို့၌ ရေတွင်းထဲ ပြုတ်ကျသည့် ခွေးလေးအား မီးသတ်တပ်ဖွဲ့မှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့
Jul 28 • 2:59 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 31 | 0 | 0 | 0 |


