မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်အရှေ့ပိုင်း၊ ဟိန္ဒုဘုရားကျောင်းရှေ့ သထုံ-ဘားအံကားလမ်း၌ ယမန်နေ့က လမ်းဘေးတွင် ရပ်ထားသော တွဲကားအား သုံးဘီးယာဉ်မှ ဝင်ရောက်တိုက်မိသည့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။အဆိုပါ ယာဉ်တိုက်မှုကြောင့် သုံးဘီးယာဉ်မောင်းမှာ အတွင်းထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် (မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့) အဖြူရောင်နှလုံးသားအသင်းမှ သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။


