back

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၌ လေပြင်းတိုက်ခတ်၍ သစ်ပင်များ လဲကျမှုဖြစ်ပွား

Jul 28 • 2:28 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၌ လေပြင်းတိုက်ခတ်၍ သစ်ပင်များ လဲကျမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တောင်ခရမ်းအနောက်ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာတွင် ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြော...

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တောင်ခရမ်းအနောက်ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာတွင် ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျမှု ဖြစ်ပွားခဲ့သည်။သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ကွမ်းခြံကုန်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ လဲကျနေသည့် သစ်ပင်များကို ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

17